Nitikiti's Blog

Just another WordPress.com weblog

Security

သင့် ကွန်ပျူတာကို ဘယ်သူတွေကို ပေးသုံးမလဲ ?

သင့်ရဲ့ ကွန်ပျူတာကို မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဘက်တွေ စသဖြင့် ဘယ်သူတွေကို သုံးစွဲခွင့်ပေးမယ် ၊ ဘယ်သူတွေကိုဖြင့် သုံးခွင့်မပေးဘူး စသဖြင့် ကန့်သက်ထားလို့ ရပါတယ် ။ သင့် ကွန်ပျူတာကို ဘယ်သူတွေက remote access အဝေးကနေယူသုံးနေတယ်ဆိုတာကို သိဖို့ကတော့ အတော်လေးခက်ပါတယ် ။ သင့်မှာ ကွန်ပျူတာရှိတယ် ၊ network နဲ့ ချိတ်ဆက်ထားတဲ့ ကာလပတ်လုံး သင့်ရဲ့ သတင်းအချက်အလက်တွေ ပျောက်ဆုံးမှု ၊ ထိခိုက်မှု တွေ ရှိနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ပိုမိုခက်ခဲစေတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ် ။

သင့်ရဲ့ ကွန်ပျူတာကို Lock လုပ်ထားပါ ။ သင်ဟာ ကွန်ပျူတာရှေ့မှ ခဏကလေး ထွက်သွားလိုက်တာနဲ့ တစ်စုံတစ်ယောက်အတွက် သင့်ရဲ့ information တွေကို နှောက်ယှက်ဖို့ အချိန်ရစေပါတယ် ။ သင့်ရဲ့ ကွန်ပျူတာကို Lock လုပ်ထားမယ်ဆိုရင် တခြားသူများဟာ သင့်ကွန်ပျူတာကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။

* Lock your computer
ပထမဆုံး Control Panel ထဲက User Accounts မှာ Fast User Switching Enabled လား ၊ Fast User Switching Disabled ဖြစ်နေသလား သိဖို့လိုပါတယ် ။ Window Screen Enable ဖြစ်နေတယ်ဆိုရင် Ctrl + Alt + Del ကို နိပ့်ရင် Task Manager ပေါ်လာပါတယ် ။ Shutdown Tab အောက်က Switch User ကို နိပ့်ရင် Lock လုပ်ပေးပါတယ် ။ သင်ဟာ Welcome Screen ကို ရောက်သွားပြီး User Accounts တွေကို တွေ့ရမှာ ဖြစ်ပါတယ် ။ computer ကို unlock ပြန်လုပ်ချင်တယ်ဆိုရင် သင်သုံးချင်သော User Accounts မှာ password ရိုက်ထည့်မှသာ logged-on လုပ်နိုင်မှာ ဖြစ်ပါတယ် ။

Fast User Switching Disabled ဖြစ်နေတယ်ဆိုရင် Ctrl + Alt + Del ကို နိပ့် ရင် Windows Security dialog box ကို မြင်ရမှ ဖြစ်ပါတယ် ။ ဒါဆိုရင် သင်ဟာ username နဲ့ password ရိုက်ထည့်ရပါလိပ့်မယ် ။

Shortcut နောက်တစ်ခုက Windows logo key + L ဖြစ်ပါတယ် ။

သင့် computer ရဲ့ desktop မှာ shortcut လုပ်ချင်တယ်ဆိုရင် :

1.Right-click the desktop.

2.Point to New, and then click Shortcut.

3.The Create Shortcut Wizard opens. In the text box, type the following:
rundll32.exe user32.dll,LockWorkStation

4.Click Next.

5.Enter a name for the shortcut. You can call it “Lock Workstation” or choose any name you like.

6.Click Finish.

သင့် စိတ်ကြိုက် desktop icon , shortcut key တွေ ပေးလို့ရပါသေးတယ် ။ တခြား keyboard , mouse, pc တို့ကို lock လုပ်ပေးသော software တွေကိုလည်း အသုံးပြုနိုင်ပါတယ် ။

သင်ဟာ အင်တာနက်ကို မသုံးတော့ဘူးဆိုရင် သင့်ကွန်ပျူတာကို အင်တာနက်နဲ့ ချိတ်ဆက်မထားပါနဲ့ ။ Disconnect လုပ်လိုက်ပါ ။ သင့်ကွန်ပျူတာကို အင်တာနက်နဲ့ အမြဲတန်းချိတ်ဆက်ထားခြင်းဟာ attackers တွေ အတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ရစေပါတယ် ။ သင်ဟာ အင်တာနက်ကို အသုံးမပြုတဲ့ အချိန်မှာ wireless connection ကိုပါ disable လုပ်ထားပါ ။ computer or modem ကို ပိတ်ထားပြီး network cables ကြိုးကိုပါ ဖြုတ်ထားလိုက်ပေါ့ ။ သင်ဟာ အင်တာနက်ကို အသုံးပြုဖို့ ပြန်လည် ချိတ်ဆက်တဲ့အခါမှာ firewall ကို enable လုပ်ထားသလားဆိုတာကို စစ်ဆေးပါ ။

*Firewall
firewall ဟာ သင့်ကွန်ပျူတာကို attackers ရန်မှ ကာကွယ်ပေးပါတယ် ။ ဒါ့အပြင် network မှ malicious virus or worm တွေ သင့် ကွန်ပျူတာထဲသို့ ၀င်မလာအောင် ကာကွယ်ပေးပါတယ် ။ သင်ဟာ အင်တာနက်သုံးနေတယ်ဆိုရင်လည်း မလိုအပ်သော internet traffic တွေကို block လုပ်ပေးပါတယ် ။ window xp မှာ built-in ပါလာတဲ့ window firewall ဆိုတာ ရှိပါတယ် ။ လေ့လာကြည့်ပါ ။

သင်ဟာ window firewall ကို off လုပ်ပြီး အင်တာနက်သုံးနေတယ်ဆိုရင် သင်ဟာ website တစ်ခုခုမှ download လုပ်သောအခါတွင် hidden threats တွေ ဖြစ်တဲ့ rookits , botnes တွေ သင့် ကွန်ပျူတာထဲသို့ ၀င်လာမှာ ဖြစ်ပါတယ် ။

Rootkit ဆိုတာ software အသေးစားလေးပါပဲ ။ သင်ကိုယ်တိုင် မသိလိုက်ပဲနဲ့ သူ့ဘာသာသူ installed လုပ်ပြီး သင့် ကွန်ပျူတာထဲမှာ hidden ကိုယ်ရောင်ဖျောက် နိုင်သူပေါ့ ။ အတော်ဆိုးတဲ့ Rootkit ပါ ။ Attacker ဟာ ဒီ rootkit ကို သုံးပြီးတော့ information တွေကို ရယူနိုင်ပါတယ် ၊ သင့်ရဲ့ လှုပ်ရှားမှုကို monitor စောင့်ကြည့်နိုင်ပါတယ် ၊ programs တွေကို modify လုပ်နိုင်ပါတယ် ၊ တခြား functions တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ် ။

Botnet ဆိုတာ bot networ က လာတယ် ထင်တယ် ။ Botnet ကို ပြောရရင် automated computer program ဒါမှမဟုတ် robot တွေပေါ့လေ ။ သူတို့ကိုလည်း တစ်စုံတစ်ယောက်က control လုပ်တာပါပဲ ။

ဒါကြောင့် သင်ဟာ အင်တာနက် မှ software တွေ download အရမ်းလုပ်တယ်ဆိုရင် သင်ဟာ Certificated Web Sites တွေမှသာ download လုပ်သင့်ပါတယ် ။

Browsers , email programs အပါအ၀င်ပေါ့လေ Software အများစုမှာ သင့်လိုအပ်ချက်နဲ့ကိုက်ညီသော features တွေ ပါဝင်ပါတယ် ။ သင့်ရဲ့ Secirity ကို ပိုမိုကောင်းမွန်စေဖို့အတွက် အဲဒိ features တွေကို enable လုပ်ပေးရမှာ ဖြစ်ပါတယ် ။
သင်ဟာ patch သို့မဟုတ် software တစ်ခုရဲ့ new version တွေကို install လုပ်တော့မယ်ဆိုရင် အဲဒိ installation ဟာ သင့်ကွန်ပျူတာ system ကို ထိခိုက်မှုရှိတယ် မရှိဘူးဆိုတာကို သင်မြင်တွေ့နိုင်ပါတယ် ။ ဒါကြောင့် သင်ဟာ တကယ်ပဲ အသုံးပြုဖို့ လိုအပ်တယ် မလိုအပ်ဘူးဆိုတာကို စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။

တစ်ခါတစ်လေ ထိခိုက်မှုတွေက လူကြောင့်ဖြစ်တာ မဟုတ်ဘဲ သဘာဝ ဘေးအန္တာရယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

သင့်ရဲ့ data တွေကို back up လုပ်ထားပါ ။ သင်ဟာ back up ပုံမှန်လုပ်ပြီး CD ထဲမှာ သိမ်းထားခြင်းဖြင့် သင့်ရဲ့ file တွေ ပျောက်ဆုံးခြင်းကို ကာကွယ်နိုင်ပါတယ် ။ virus or worm တွေကို လည်း ကြောက်စရာ မလိုတော့ဘူးပေါ့ ။ အရေးကြီးတဲ့ important information တွေလည်း မပျောက်တော့ဘူးလေ ။

August 27, 2009 Posted by nitikiti | Security | | No Comments Yet

Google Docs

Create and share your work online

# Upload from and save to your desktop
# Edit anytime, from anywhere
# Pick who can access your documents
# Share changes in real time
# Files are stored securely online
# It’s FREE!

Upload a files
သင်ရဲ့ computer မှာ ရှိတဲ့ notepad, word တို့နဲ့ စာစီစာရိုက်လုပ်ထားသော .txt, .doc, .docx ဖိုင်များကို အင်တာနက်ပေါ်သို့ upload လုပ်နိုင်ပါတယ် ။

သင် PowerPoint ကို သုံးပြီး SlideShow ပြုလုပ်ထားတဲ့ .ppt, .pps ဖိုင်တွေကိုလည်း Google Docs က လက်ခံပါသည် ။

Excel ဖိုင် .xls, .xlsx နဲ့ တခြား Spreadsheets များကို လည်း upload ပြုလုပ်နိုင်ပါသည် ။

အဆင်ပြေတာ တစ်ခုက offline က ဖိုင်တွေကို internet ပေါ် အလျင်အမြန်တင်လို့ ရတယ် ။ ဒီ ဖိုင်တွေကို save လုပ်ထားလို့ ရတယ် ။ share ပြုလုပ်နိုင်တယ် ။

ပြီးတော့ Microsoft Office Suit မရှိလည်း internet မှာ ၊ Google Docs မှာ Word, Excel, PowerPoint တွေကို ဖွင့်ကြည့်လို့ရပါတယ် ။ PDF ဖိုင်တောင် ပါသေးတယ် နော် ။

သင် upload လုပ်နိုင်သော files အမျိုးအစာတွေက :

Documents (up to 500KB)

* HTML files and plain text (.txt).
* Microsoft Word (.doc, .docx), Rich Text (.rtf), OpenDocument Text (.odt) and StarOffice (.sxw).

Presentations (up to 10MB from your computer, 2MB from the web, 500KB via email)

* Microsoft PowerPoint (.ppt, .pps).

Spreadsheets (up to 1MB)

* Comma Separated Value (.csv).
* Microsoft Excel (.xls, .xlsx) files and OpenDocument Spreadsheet (.ods).

PDF Files (up to 10MB from your computer, 2MB from the web)

Google Docs မှာ ကျွန်တော် လုပ်ထားသော Slide Show လေးတစ်ခုကို ဖော်ပြထားပါတယ် ။

http://docs.google.com/present/view?id=dc3ttgh_43dnc5t5fn&invi…

ဒီ Slide ကို ဘယ်ဘက်ထောင့်နားလေးမှာရှိတဲ့ Action > Play ကို click လုပ်ပြီး ကြည့်နိုင်ပါသည် ။ ထို့အပြင် Download as PDF , Download as PPT ဖိုင်အနေဖြင့် download လုပ်ပြီး save လုပ်ထားနိုင်ပါသည် ။

August 15, 2009 Posted by nitikiti | Document | | No Comments Yet

My Love

“ ကျွန်တော်၏ အချစ်များစွာ “

An Example Of Love
To: My Lover

Dear love,

စကားလုံးတွေနဲ့ မဖော်ပြနိုင်လောက်အောင် မင်းကိုချစ်ပါတယ် ။ မင်းကိုစတွေ့ တဲ့အချိန်ကစပြီး မင်းဟာ ဖြူစင်ရိုးသားတယ် ဆိုတာ ငါခံစားမိပါတယ် ။
မင်းဟာ အသက်ငယ်ရွယ်သူ ဖြစ်ပေမယ့် ကောင်မလေး တစ်ယောက်ကို ဘယ်လို ချစ်ရမယ် ဆိုတာ ငါ့ ကို သင်ပေးခဲ့ တယ် ။

လူတွေ အားကျကာ မနာလိုဖြစ်ချင်လောက်အောင် ငါတို့ အချစ်ကို ဖြစ်စေချင်ပါတယ် ။ ငါတို့ ဟာ ဖြူစင်သန့် ရှင်းတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ ပေါ့ ။

မင်းရဲ့ အထိအတွေ့ ဟာ ငါ့ ရင်ကို နွေးထွေးစေတယ် သိလား ။ ဒါဟာလည်း မင်းကို ငါချစ်တဲ့ အကြောင်းအရင်း တစ်ခု ဖြစ်မှာပါ ။

Love Always,
Nitikiti

Honey
To: My Lover

Dear love,

ဟန်နီ , ငါ့ဘ၀ကို မင်းပြောင်းလဲစေခဲ့တယ် ။ ငါ့ကိုချစ်တဲ့သူဟာ မင်းတစ်ယောက်ထဲရှိတာပါ ။ ရင်ခုန်ခြင်း , ပျော်ရွှင်ခြင်း အရာအားလုံးဟာ မင်းကြောင့် ဖြစ်ပေါ်လာတာ ။

ငါ့ကိုချစ်တယ်လို့ မင်းပြောတယ်နော် ။ မင်းလိုကောင်မလေးမျိုးကို ပေးတွေ့တဲ့အတွက် ဘုရားကို ငါ ကျေးဇူးတင်ပါတယ် ။ မင်းနဲ့ chat ပြောဖို့အတွက် အချိန် အလုံအလောက် မပေးခဲ့တဲ့ငါ့ကို ခွင့်လွတ်ပါလို့ ပြောချင်တယ် ။ တကယ်တော့ မင်းနဲ့
စကားပြောရတာ ရယ်စရာကောင်းခဲ့ပါတယ် ။

ဟန်နီ , မင်း မျှော်လင့်ချက်တွေကို ငါရှာဖွေပေးချင်ပါတယ် ။

ငါ့အနားမှာ မင်းကိုရှိနေစေချင်တယ် ။ မင်းနာမည်လေး ခေါ်လိုက်တာနဲ့ မင်းကို ရောက်လာစေချင်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါ့ကိုချစ်တယ် ဆိုတဲ့ အသိဟာ ကျေနပ်မှုကိုဖြစ်စေတယ် ။ မင်းနဲ့ ထာဝရ အတူတူ ရှိနေဖို့ ငါစောင့်နေမယ် ။
Ti amo tesoro mio. ငါလိုချင်တာ မင်းပဲ ။

Love Always,
Nitikiti

This is a Poem
I CLOSE MY EYES
by Nitikiti

ငါ့မျက်လုံးတွေကို ပိတ်ထားတယ်

ငါ့မျက်လုံးတွေ ပိတ်ထားတယ် မင်းကိုမြင်တယ်
မင်းလက်ဖ၀ါးရဲ့ နူးညံ့မှု ခံစားမိ
ချစ်ခြင်းမေတ္တာ ရင်တွေခုန်

ငါ့မျက်လုံးတွေ ပိတ်ထားတယ် မင်းကိုမြင်တယ်
ကြင်နာတတ်သော ကောင်မလေးတစ်ယောက် ဒီကမ္ဘာ မှာ ရှိနေတယ် တဲ့
ငါမမျှော်လင့်ထားတာတွေ ဖြစ်လာ

ငါ့မျက်လုံးတွေ ပိတ်ထားတယ် မင်းကိုမြင်တယ်
စိုးရိမ်မှုတွေ ရစ်ဝဲလို့
ဒီလိုဆို …
ငါ့မျက်လုံးတွေ ပိတ်ထားမယ် မင်းယုံကြည်ပေး ။

မင်းကို ချစ်တယ်
To: My Lover

Dear love,

မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းကိုသိစေချင်လိုက်တာ ။ ငါတို့ လပေါင်းများစွာကြာအောင် ချစ်ခဲ့ကြတယ်နော် ၊ ဒါပေမယ့် ငါတို့အချစ်ဟာ အမြဲတန်း လန်းဆန်းနေပါတယ် ။ မင်းဟာ ငါ့အတွက် အရမ်းကို တန်ဖိုးရှိတယ် ၊ မင်း ငါ့ကို ပျော်ရွှင်အောင်လုပ်ပေးသကဲ့သို့ ငါ မင်းကိုလည်း တကယ် ပျော်နေစေချင်တာပါ ။ ကုန်ဆုံးသွားသောနေ့ရက်တွေဟာ ငါ့အား မင်းကို ပိုလို့ ချစ်မိစေပါတယ် ။ မင်းရဲ့ မထိလေးစား အပြောအဆိုလေးတွေဟာ ငါ့ကိုသတိရနေစေတယ် ။ ဒါတွေ မင်းက သိမှာမဟုတ်ဘူး ။

မင်းဟာ အမြဲတန်း ကိုယ့်ရင်ထဲ ကိုယ့်အတွေးထဲ မှာ ရှိပါတယ် ။ ငါဟာ မင်းနဲ့ မတွေ့ခင်အထိ အချစ်ဟာ အရမ်းကို အံ့အားသင့်ဖွယ်ကောင်းလိမ့်မယ် လို့ မထင်ခဲ့ဘူး ။ မင်းဟာ ငါ့ကို အချစ်နဲ့ပတ်သက်ပြီး အတွေးအခေါ်သစ်တွေ ပေးခဲ့တယ် ။ ငါဟာ အမြဲတန်း ငါတို့ အချစ်ကို တန်ဖိုးထားပြီး စောင့်ရှောက်မှာပါ ။ ငါ မင်းကို ချစ်တယ် ကလေးရယ် ။

Love Always,
Nitikiti

If Only Dreams Came True
To: My Lover

Dear love,

ငါတို့ဟာ ရင်ခုန်သံနဲ့အတူ ပျော်ရွှင်မှူတွေကို ခံစားခဲ့ဖူးပါတယ် ။ တခြားသူတွေအားလုံးထက် မင်းကိုပိုချစ်ပါတယ် ။ ငါတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိသွားတယ် နော် ။ ငါတို့ရဲ့ အချစ်တွေ ပျက်စီးသွားမှာကို အရမ်းစိုးရိမ်ပါတယ် ။ မင်းဟာ ငါ့ကြောင့် ငိုမိတယ် လို့ပြောတော့ ငါ စိတ်မကောင်းဖြစ်ရတယ် ။ မင်းကိုပြောချင်တာက ငါ မင်းကို ချစ်တယ် ဆိုတာပဲ ။

ငါဟာ မင်းကို မကြင်နာသလိုပဲ ၊ စကားလည်းကောင်းကောင်း မပြောဘူးလို့ မင်းပြောခဲ့ဖူးတယ် နော် ။ နောက် အဲဒိလို မဖြစ်စေရပါဘူးလို့ ငါကတိပေးပါတယ် ။ မင်းဟာ ငါရှာဖွေနေသော ကောင်မလေးဖြစ်တယ် ။ မင်းဟာ ငါ့ရဲ့ အိမ်မက်ပေါ့ ။
ဘယ်သူကမှ မင်းလို ငါ့ကိုပျော်ရွင်အောင်လုပ်နိုင်မှာ မဟုတ်ဘူးး ။ ငါမင်းကို လိုအပ်ပါတယ် ။

Love Always,

Nitikiti

ဒီ post ကို pdf ဖိုင်နေဖြင့် download ရယူနိုင်ပါတယ် :
http://www.mediafire.com/?sharekey=cdbe9f5771ce2114a0f2f20c509059d9…

August 15, 2009 Posted by nitikiti | Love | | No Comments Yet

Speak English

လူတွေဟာ second language တစ်ခုခုကို အမြဲတန်း သင်ယူချင်ကြပါတယ် ။ ဒီ language တွေဟာ ခရီးသွားတဲ့အခါမှာ အရမ်းကို အသုံးဝင်ပါတယ် ။

ဒါပေမယ့် ဘယ် language ကို ရွေးချယ် သင်ယူရမလဲ ။ languages တိုင်းဟာ သူ့ဟာနှင့်သူ အသုံးဝင်ကြပါတယ် ။
ပြီးတော့ အလွယ်ဆုံးသင်ယူမှုက ဘာလဲ ။ လူတချို့ကသာ အချိန်ပေးပြီး သင်တန်းတက်ကာ language တွေကို သင်ယူနိုင်ကြသာပါ ။ ဒါကြောင့် သူတို့ရဲ့ တိုးတက်မှုက မြန်ဆန်တယ်လို့ ခံစားရနိုင်ပါတယ် ။ ဘယ်သူကမှ weather မိုးလေ၀သနဲ့ ပတ်သက်တာတွေကို classroom ထဲမှာ ပြောဆိုချင်ကြမှာ မဟုတ်ပါဘူး ။ နိုင်ငံခြားက မြို့တစ်မြို့ အကြောင်း Foreign City ၊ ဒါမှမဟုတ် Newspaper ကို မြန်နိုင်သမျ မြန်မြန် ဖတ်နိုင်အောင် ကျွန်တော်တို့ကို လမ်းညွှန်မှုပေးသင့်ပါတယ် ။ ကမ္ဘာမှာ language တွေဟာ 7000 လောက်ရှိတော့ ဘယ်က စရမလဲဗျာ ။

Language experts တွေဟာ second language တစ်ခုကို သင်ယူဖို့ ရွေးချယ်တာနဲ့ ပတ်သက်ပြီး အကြံပေးထားတာတွေရှိပါတယ် ။ တခြား languages တစ်ခုခုဟာ သင့်ရဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ ပတ်သက်ဆက်နွယ်မှုရှိခြင်းဟာ အရေးကြီးပါတယ် တဲ့ ။ ကိုယ် သင်ယူမယ့် lannguage ဟာ grammar systems က လုံးဝကို ကွဲပြားခြားနားနေမယ် ၊ ကိုယ်မသိတဲ့ alphabet တွေကလည်း သင့်ကို ပိုလို့ အခက်တွေ့စေမှာ ဖြစ်ပါတယ် ။ ဥပမာ English speakers တွေအတွက် Russian ဘာသာစကားကို သင်ယူမယ်ဆိုရင် Cyrillic alphabet ကို သင်ယူရမှာ ဖြစ်သလို ၊ Hindi ဘာသာစကားကို သင်ယူချင်သူများဟာလည်း grammar နဲ့ vocabulary အပြင် Devanagari လို အရေး အဖတ်ကို လည်း သင်ယူရမှာ ဖြစ်ပါတယ် ။

Latin alphabet ကို အသုံးပြုတဲ့ languages တွေ ဟာ English ဘာသာစကား နဲ့ ပတ်သက်မှု ရှိနေပါတယ် ။ English ဟာ German , Dutch ကဲ့သို့သော ဘာသာစကားများနဲ့ ဆွေမျိုးတော်ဆက်ပါတယ် ။ German syntax ဆိုတာ sentence structure ၀ါကျတည်ဆောက်ပုံက verbs ကို sentence ရဲ့ အဆုံးမှာထားပါတယ် ။ German phonemes လို့ခေါ်တဲ့ စကားလုံးတွေရဲ့ အသံထွက်ကို လေ့လာမယ်ဆိုရင်လည်း စကားပြောအသံ နဲ့ ရေးတဲ့အသံ တို့ဟာ အသံထွက် အတိအကျ တူညီမှုရှိနေပါတယ် ။ အထူးသတ်မှတ်ထားတဲ့ pronunciation rules တွေ မရှိပါဘူး ။ ပြီးတော့ vocabulary တွေကို လေ့လာရတာ လွယ်ကူမှု ရှိပါတယ် ။ English vocabulary တော်တော်များများ ဟာလည်း German ဘာသာစကားက ယူသုံးထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် စကားလုံးတွေဟာ အချင်းချင်း ဆက်ဆက်မှုရှိနေပါတယ် ။ haus = house , wilkommen = welcome ဒီလိုစကားလုံးလေးတွေက မှတ်မိရလွယ်ပါတယ် ။

French နဲ့ Italian ဘာသာစကားက Spanish နဲ့တူပါတယ် ။ French pronunciation နဲ့ spelling တွေဟာ irregular verbs တွေနဲ့ အသံထွက်တွေ များစွာပါရှိသောကြောင့် difficult to master ပါပဲ ။ French မှာ အသံထွက်တစ်ခုကိုပင် spell လုပ်ပုံက multiple ways ရှိပါတယ်တဲ့ ။ Italian အီတလီသားတွေကျတော့လည်း လူတစ်ယောက် အသံတစ်မျိုးစီ တွက်နေကြတော့ လေ့လာသူဟာ စကားလုံးရဲ့ correct sound ကို မသိရဘဲ အဓိပာယ်ပါ ပျောက်ဆုံးသွားပါတယ် ။
သတင်းကောင်းတစ်ခုက Spanish, Italian , French ဆိုတဲ့ Romance languages တွေမှာ similar vocabulary တူညီမှုတော့ရှိပါတယ် ။ “cow” ကို vaca, vacca, and vache လို့ပြောကြပါတယ် ။

August 15, 2009 Posted by nitikiti | English | | No Comments Yet

Video Game

Video game လောကမှာ success stories တွေကတော့ ပြောမဆုံးအောင်ပါပဲ ။ Gamer တွေဟာ Bank Account တွေတောင်ဖွင့် နိုင်ကြပြီး Superstar Developers , Geeks တွေ ဖြစ်နေကြပါတယ် ။

Beer ၀ယ်ယူဖို့ အသက်အရမ်းငယ်ရွယ်နေသူလေးဟာ Video game world မှ ၀င်ငွေရှာဖွေနေပါတယ် ။

Tom ‘Tsquared’ Taylor

အသက် 21 နှစ်ပဲ ရှိပါသေးတယ် ။

သူ့ကို သတိထားစောင့်ကြည့်ရပါမယ် ။ World’s foremost “Halo” players တစ်ယောက်ပါပဲ ။ Taylor ဟာ Str8 Ripping လို့ခေါ်တဲ့ အသင်းမှာ တတိယ ကစားသမားတစ်ယောက် ဖြစ်ပါတယ် ။ Major League Gaming မှာ အရေးပါသူတစ်ယောက်ဖြစ်ပြီး ယနေ့ခောတ် ၀င်ငွေအရှာဖွေနိုင်ဆုံး Top-earning players လည်းဖြစ်ပါတယ် ။

2009 ခုနှစ်အစပိုင်းမှာတွင် Taylor’s ၀င်ငွေဟာ 175 million ရှိပါတယ် ။

မနှစ်ကလည်း ငွေသား $100,000 နဲ့ prizes တွေအများကြီးကို သိမ်းပိုက်ထားသူပါ ။

ကျွန်တော်တို့လည်း Game သွားကစားမှထင်တယ် ။ တစ်နေ့တစ်နေ့ အင်တာနက်သုံးပြီး ဘာဝင်ငွေမှလည်း မရဘူးလေ ။
သူတို့က Game ကစားနေရင်း ပိုက်ဆံရတယ်ဆိုတော့ အဆန်းသား ။ အားကျစရာပါလား နော် ။

“Doodle Kids,” လို့ခေါ်သော iPhone App ကိုရေးသားသူဟာ အသက် ၉ နှစ်အရွယ်ရှိပြီး နာမည်က Lim Ding Wen လို့ခေါ်ပါတယ် ။ Singapore နိုင်ငံသားပါ ။ သူ့ရဲ့ App ကို အကြိမ်ပေါင်း 500,000 ခန့်လောက် download ဆွဲယူခြင်းခံရတယ်လို့ပြောပါတယ် ။

နောက်တစ်ယောက်ရှိပါသေးတယ် ။ သူ့နာမည်က Blake Peebles တဲ့ ။ သူက Guitar Hero ပါ ။ သူ့ရဲ့မိဘက ဂိမ်းပြိုင်ပွဲဝင်ဖို့ အတွက် ကျောင်းမတက်ခွင့်ပေးထားပါတယ် ။ သူက “Guitar Hero” , “fer crying” စသည့် ဂိမ်းတို့ကို ကစားပါတယ် ။ သူနိုင်ရင်ဒေါ်လာ $1,000 လောက် ရမှာလေ ။ ကျောင်းတက်စရာ မလိုတော့ဘူးပေါ့နော် ။

ဝန်ဆောင်မှု :

Blog မှာရေးထားသော Post တွေကို ဂျာနယ် ၊ မဂ္ဂဇင်းတွေက သူတို့စီမှာ ဖော်ပြချင်တယ်ဆိုရင် အခကြေးငွေယူပြီး ရောင်းပါတယ် ။ Blog Post ဘာသာပြန်ဆောင်းပါးတစ်ပုဒ်ကို US $ 10 , FEC 10 , ငွေကျပ် ၁၀၀၀၀ ဖြင့် ၀ယ်ယူနိုင်ပါတယ် ။

Member , User များအတွက် ပေးသော ၀န်ဆောင်မှုမှာ သင့်ရဲ့ email စီကို ဘာသာပြန် ဆောင်းပါးတစ်ပုဒ်တင်တိုင်း ၊ New Blog Post တင်တိုင်း သင်ဖတ်ရှုနိုင်စေရန်အတွက် email ပို့ အကြောင်းကြားပေးမှာ ဖြစ်ပါတယ် ။ ဒီ ၀န်ဆောင်မှုအတွက် တစ်ပတ်ကို ငွေကျပ် ၃၅၀၀ လောက် ကျမည် ။

August 2, 2009 Posted by nitikiti | Video Game | | No Comments Yet

Politeness

(ဒီ homepage မှာ ကြော်ငြာချင်တယ်ဆိုရင် တစ်လ ၃၀၀၀၀ ကျပ်ကျမည် )

A little politeness in the office goes a long way …
လောက၀တ်အကြောင်းလေး ပြောပါရစေ ။

E-mail etiquette
e-mail ပို့တဲ့အခါမှာ subject field ကို ဘာမှမရေးဘဲ blank မလုပ်ပါနဲ့ ။ e-mail လက်ခံသူ recipients မှာ တစ်ရက်အတွင်း clear လုပ်ဖို့ messages တွေ အများကြီး ရှိနိုင်ပါတယ် ။ သင်က ချက်ချင်း ပြန်ကြားစာ response လိုချင်တယ်ဆိုရင် အတိုချုပ် သို့သော် စာပါ အကြောင်းအရာကို တိုတိုနှင့်လိုရင်း ဖော်ပြထားရပါမယ် ။ သူတို့၏ အလုပ်ကို လွယ်ကူအောင် လုပ်ပေးခြင်းသည် သင့်ကိုယ်သင် အကူအညီပေးခြင်းပင်ဖြစ်သည် ။

သင့်ရဲ့စာကို လူတိုင်းရဲ့ e-mail လိပ်စာတွေက သိဖို့လိုတယ် မလိုဘူး ဆိုတာကို သင်မသိရင် e-mail message တွင်ရှိသော “reply all” button ကို စိတ်အားထက်သန်မှုလွန်ကဲစွာ မနိပ့်ကြပါနဲ့ ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် သင့်ကို အနှောင့်အယှက်ပေးသူ nuisance လို့သာ မြင်ကြပါလိမ့်မယ် ။

တစ်ရက် နှစ်ရက် အတွင်း email message များကို ဖြေကြားဖို့ အချိန်သတ်မှတ်ထားပါ ။

Phone etiquette
voicemail message များကိုလည်း အချိန်မှီ ဖြေကြားပေးပါ ။

သင့်အလုပ်မှာ ဖုန်းကိုအသုံးပြုရတော့မယ်ဆိုရင် တိုးတိုးလေးပြောပါ ။ ကျွန်တော်တို့ဟာ စကားပြောသံကို မြင့်လိုက်ပါတယ် ။ ဒီအသံဟာ ဘယ်လောက်ကျယ်တယ်ဆိုတာ သဘောမပေါက်ကြဘူး ။ ရှင်းရှင်းလင်းလင်းကြားရဖို့အတွက် စကားကို ကျယ်လောင်စွာ ပြောရမယ်လို့ပဲထင်တာ ။ တစ်ခါတစ်ရံ poor reception ဖုန်းလိုင်းမကောင်းတာလည်း ပါတာပေါ့ ။ ဒီလိုစဉ်းစားကြည့်ရအောင် သင်ဟာ ဒေါနှင့်မောနှင့် ပြောဆိုသည့်အခါ ဘေးမှာရှိသောလူတွေကို သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ကစ္စ personal affairs တွေကို ဖွင့်ပြောလိုက်တာပဲ ။ ဒါဟာ စကားတိုးတိုးပြောရမယ့် အကြောင်းပြချက်ပဲ ဖြစ်တယ် ။

သင့်ရဲ့ ring tone ကိုလည်း increasing ring မဖြစ်အောင် off လုပ်ထားပါ ။

သင်ဟာ office ၏ အပြင်ကို ရောက်နေတယ်ဆိုရင် သင့်ရဲ့ voicemail နဲ့ email ကို adjust လုပ်ခြင်းဖြင့် တခြားသူများက အကြောင်းကြားလို့ရအောင် လုပ်ပါ ။ သင် ဘယ်အချိန်ပြန်ရောက်မယ်ဆိုတာ သိရှိစေရန် indicate လုပ်ရပါမယ် ။ သင်ပြန်ရောက်လာပြီဆိုရင်လည်း အဲဒိ ountdated message တွေကို edit ပြန်လုပ်ဖို့ သတိရပါ ။ နွေရာသီကိုရောက်နေတာတောင် ” I’ll be away for Christmas season ” ဆိုတဲ့ voicemail message တွေက တကယ်ကို မိုက်မဲပါတယ် ။

Speech etiquette
သူများတွေ စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေချိန်မှာ သင်ဟာ တခြားသူများရဲ့ အခန်းဘေးမှာ ဖုန်းပြောဖို့ မတ်တပ်ရပ်မနေပါနဲ့ ။ ဒါဟာ မစဉ်းစား မစဉ်ချင်တဲ့ အပြုအမူ inconsiderate act ဖြစ်ပြီး သူများကို စိတ်အနှောက်အယှက် distract ဖြစ်စေပါတယ် ။

Social etiquette
တခြားသူများက စောင့်နေတာမျိုး မဖြစ်ရလေအောင် ချိန်းဆိုမှုများကို အချိန်မှန် ထုတ်ဖော်ပြသပါ ။ အစည်းအဝေးမှာ ဟိုခြစ်ဒီခြစ်လုပ်ခြင်း ၊ သင့်ရဲ့ mobile phone နဲ့ text messages များပို့ခြင်းတို့ မပြုလုပ်ရပါဘူး ။ ဒါဟာ အစည်းအဝေးလုပ်နေသူများကို မရိုသေရာ ရောက်ပါတယ် ။ သင့်ရဲ့ mobile ကို silent mode လုပ်ထားပါ ။ ဒါမှမဟုတ် သင်ဖြေကြားရမယ်ဆိုရင် အခန်းမှ ထွက်သွားပါ ။

ဘာမှ လုပ်စရာမရှိခြင်းသည် ရုံးမှာ အတင်းအဖျင်း gossip များကို ဖိတ်ခေါ်နေသလို ဖြစ်သည် ။ new projects များကို စတင် အကောင်အထည် ဖော်ခြင်းဖြင့် သင့်ရဲ့ အားလပ်ချိန် free time များကို အသုံးပြုပါ ။ ဒါမှမဟုတ် extra responsibilities များကို သင်လုပ်ကိုင်နိုင်စေဖို့ သင့်ရဲ့ supervisor နဲ့ စကားပြောဆိုကြည့်ပါ ။

July 28, 2009 Posted by nitikiti | Politeness | | No Comments Yet

JAVA

ကျွန်တော် www.mysteryzillion.org မှာ ရေးထားသော Java Post လေးဖြစ်ပါတယ် ။ ကျွန်တော်က Osborn လို့ ခေါ်တဲ့ eBook တစ်ခုလုံးကို ရေးဖို့ ဆုံးဖြတ်ထားပါတယ် ။ ဒါပေမယ့် အခု Chapter 6 Arrays အခန်းထိပဲ ရောက်ပါသေးတယ် ။ ဆက်လက်ရေးသားပါဦးမယ် ။

ပြီးတော့ J2se, J2ee, Java Certificate များနဲ့ပက်သက်ပြီး သိချင်သူများ mystery ကို သွားလိုက်ပါ ။

Nitikiti
Yangon
Copyright@2008

Contents at a Glance
1 Java Fundamentals
2 Introducing Data Types and Operators
3 Program Control Statements
4 Introducing classes, objects and methods
5 Inheritance
6 Arrays

Preface
ဒီစာကိုရေးသားရခြင်း၏ ရည်ရွယ်ချက်ကတော့ Java Programming ရဲ့ fundametals များကို သင်ကြားပေးဖို့ဖြစ်ပါတယ် ။ step by step ချဉ်းကပ်နည်း example များစွာကို အသုံးပြုထားပါတယ် ။ programming အတွေ့အကြုံ မရှိသူများလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ် ။ java program တစ်ခုကို compile and run လုပ်သော အခြေခံကနေ စတင်ရှင်းပြထားပါတယ် ။ ထို့နောက် java language ရဲ့ keyword များကို အသေးစိတ်ရှင်းလင်းမှာ ဖြစ်ပါတယ် ။ java ရဲ့ advanced features များ ဖြစ်သော multithreaded programming, generics, applet စသည် တို့လည်း ပါဝင်ပါတယ် ။
ဒီသင်ခန်းစာများကို သင်ဖတ်ရှုပြီးသွားချိန်မှာတော့ သင်ဟာ java programming ရဲ့ essential များကို သေချာစွာ နားလည်သူဖြစ်လာမည် ။

Required Software
ဒီသင်ခန်းစာမှ programs များကို compile and run လုပ်ဖို့ Sun မှ Java Development Kit(JDK) version 5 (J2SE 5) ကို လိုအပ်ပါတယ် ။ သင်ဟာ java ရဲ့ အစောပိုင်းက ထွက်ရှိသော version J2SE 1.4 ကို အသုံးပြုနေတယ်ဆိုရင်လည်း ဒီ program များကို run လို့ရပါတယ် ။ ဒါပေမယ့် J2SE 5 ၏ new features များကို အသုံးပြုထားသော program ကို compile and run ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး ။

Installation and Setup
SDK installer program ကို run ပါ ။ j2sdk 1.4.2_15 ဟာ installer program ဖြစ်ပါတယ် ။ jdk ကို c: directory အောက်မှာ install လုပ်မယ်ဆိုရင် j2sdk 1.4.2_15 အမည်နဲ့ folder တစ်ခုကို create လုပ်ပါလိမ့်မယ် ။ ဥပမာ : C:\j2sdk1.4.2_15\bin

PATH variable ကို Update လုပ်ပေးပါ ။ PATH variable ဟာ program တစ်ခုကို run တဲ့ အခါ ဘယ် directory အောက်မှာ ရှာဖွေ ရမလဲဆိုတာ system ကို ပြောပါတယ် ။ My Computer>Properties>Advance မှ Environment Variables ကို click လုပ်ပါ ။

Enviroment Variables Window ပေါ်လာရင် System Variables Tab အောက်က Path ကို Select လုပ်ပြီး Edit Button ကို click လုပ်ပါ ။ ထို့နောက် variable value ၏ နောက်ဆုံးတွင် installer လုပ်ခဲ့သော လမ်းကြောင်း ဥပမာ : C:\j2sdk1.4.2_15\bin ကို ထည့်ပါ ။

Note : variable value တွင် ရှိနှင့်ပြီးသော text များကို delete မလုပ်ပ်နဲ့ ။ delete လုပ်မိလို့ပျက်သွားခဲ့ရင် cancel နဲ့ထွက်ပါ ။ program ကို run လို့ မရပါ က Restart လုပ်ကြည့်ပါ ။

Don’t Forget: Code on the Web
Source code များကို www.osborne.com တွင် အခမဲ့ ရယူနိုင်ပါတယ် ။

Module1
Java Fundamentals

A First Simple Program
ကဲ..စမယ်…

/*
This is a simple Java program.
Call this file Example.java
*/

class Example {

// A Java program begins with a call to main().

public static void main(String args[]) {

System.out.println(“Java drives the Web.”);

}

}

အောက်ပါ အတိုင်း လုပ်ဆောင်ပါ :
1. Enter the program.
2. Compile the program.
3. Run the program.

Entering the Program
သင်ကြိုက်နှစ်သက်သော text editor ဥပမာ notepad, wordpad ကို အသုံးပြုနိုင်ပါတယ် ။ word processor ကို အသုံးမပြုပါနဲ့ ။ word processor ဟာ text နှင့် အတူ format information ကို သိမ်းထားတတ်ပါတယ် ။ ဒီ format information များဟာ java compiler ကို ရှုပ်ထွေးနိုင်စေပါတယ် ။

ပထမဆုံး သိထားရမှာက source file ကို ပေးသော နာမည်ဟာ အရေးကြီးတယ် ဆိုတာပဲ ။ ဒီ example မှာ source file ကို ပေးသော နာမည်ဟာ Example.java ဖြစ်သင့်ပါတယ် ။

Java မှာ source file ကို compilation unit လို့ ခေါ်ပါတယ် ။ source file ဟာ text file တစ်ခု ဖြစ်ပြီး တစ်ခု (သို့) တစ်ခုထက် မကသော class တွေပါဝင်ပါတယ် ။ Java compiler ဟာ .java filename extension နဲ့ ဆုံးသော source file ကို လိုအပ်ပါတယ် ။

Compiling the Program
Start > run (သို့) Window key + R ကို နိပ့်ပါ ။
ပေါ်လာသော Run Box တွင် cmd လို့ ရိုက်ပါ ။

Example program ကို စုပေါင်းပြီး Compile လုပ်ဖို့ , Compiler လုပ်ဆောင်ဖို့ အတွက် , javac ကို အောက်ပါ အတိုင်း ရိုက်ပါ :

C:\>javac Example.java

Jacac compiler ဟာ program ရဲ့ bytecode version ပါဝင်တဲ့ Example.class လို့ ခေါ်သော file တစ်ခု ကို ဖန်တီးပါတယ် ။ bytecode ဟာ executable code မဟုတ်ဘူး ဆိုတာ သတိရပါ ။ Java Virtual Machine ကြောင့်သာ Bytecode ဖြစ်လာတာ ။ ဒါကြောင့် javac ရဲ့ output ဟာ ဘာမှ မလုပ်ဆောင်နိုင်သော code ဖြစ်ပါတယ် ။ ဒီ program ကို အမှန်တကယ် run နိုင်ဖို့ Java interpreter, java ကို အသုံးပြုရမှာပါ ။ ဒီလို လုပ်ဖို့အတွက် class နာမည် Example ကို command-line argument အနေဖြင့် အောက်ပါ အတိုင်း ရေး ပါ :

C:\java Example

Program run သော အခါ အောက်ပါ output ကို ဖော်ပြလိမ့်မယ် :

Java drives the web.

Java source code ကို compiled လုပ်ပြီးသွားသော အခါမှာ class တစ်ခုနဲ့သက်ဆိုင်တာများကို .class extension ကို အသုံးပြုကာ class လို့ အမည်ပေးထားသော output file မှာ ထည့်ထားပါတယ် ။ ဘာကြောင့်လည်းဆိုတော့ Java source file ကို .class file နဲ့ အပြိုင် နာမည်တူ ပေးထားတာ ကောင်းတယ် လို့ ပြောကြပါတယ် ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း Java interpreter ကို execute လုပ်တဲ့ အချိန်မှာ သင်ဟာ interpreter ကို execute လုပ်စေချင်သော class နာမည်ကို အတိအကျ ရိုက်ရမှာဖြစ်တယ် ။ Interpreter ဟာ automatically သင်ရိုက်ထည့်လိုက်သော နာမည် ကို .class extension file တွေထဲမှာ သွားရှာပါလိမ့်မယ် ။ တကယ်လို့ တွေ့တယ်ဆိုရင် class တွင်ပါဝင်သော code ကို execute လုပ် မှာပါ ။

Line by Line
Example.java

/*
This is a Java program.
Call this program Example.java
*/

ဒါဟာ comment ပါ ။ တခြား programming languanges များ ကဲ့သို့ java ဟာ program ရဲ့ source file မှာ သတိပေးဖို့ မှတ်သားဖို့ comment ကို အသုံးပြုပါတယ် ။

class Example {

ဒီ line မှာ class ဆိုတဲ့ keyword ကို declare လုပ်ဖို့ ကြေညာပြီး သုံးထားပါတယ် ။ class ဆိုတာ Java ရဲ့ basic unit of encapsulation ဖြစ်ပါတယ် ။ Example ဆိုတာ class ရဲ့ နာမည်ပါ ။ class ကို အဖွင့် curly brace({) နဲ့ အပိတ် curlybrace(}) တို့နဲ့ စပါတယ် ။ ဒီ brace နှစ်ခု အတွင်းမှာ ရှိသော elements တွေဟာ class ရဲ့ member တွေ ဖြစ်ပါတယ် ။

//A Java program begin with a call to main().

ဒါကို single-line comment လို့ ခေါ်ပါတယ် ။

Public static void main(String args[]) {

ဒီ line မှာ main() method နဲ့ စထားတယ် ။ Java application အားလုံးဟာ main() ကို ခေါ်သုံးပါတယ် ။ public keyword ဟာ access specifier ဖြစ်ပါတယ် ။ access specifier ဆိုတာ program ရဲ့ တခြား အစိတ်အပိုင်းတွေဟာ class ရဲ့ member တွေကို ဘယ်လို access လုပ်မလဲဆိုတာ ဆုံးဖြတ်ပေးပါတယ် ။ static keyword ဟာ class object တစ်ခု မဖန်တီးခင်မှာ main() ကို ခေါ်သုံးနိုင်စေပါတယ် ။ void keyword ဟာ main() ဟာ value တစ်ခုကို return မပြန်ဘူး လို့ compiler ကို ပြောပါတယ် ။ main() မှာ parameter တစ်ခုပဲရှိပါတယ် ။ String args[] , ဆိုတာ args လို့ခေါ်သော parameter တစ်ခုကို ကြေညာပါတယ် ။ String မှာ sequences of characters ကို သိုလှောင် သိမ်းဆည်းထားပါတယ် ။

System.out.println(“Java drives the web”);

ဒီ line ကို main() အတွင်းထဲမှာ ရေးရမှာဖြစ်ပါတယ် ။ output ကတော့ Java drives the web ကို screen မှာ new line ဖြင့် မြင်တွေ့နိုင်ပါတယ် ။ system ဆိုတာ predefined class တစ်ခုပါ ။ out ဆိုတာကတော့ output stream တစ်ခုဖြစ်ပြီး console နဲ့ ဆက်သွယ်ပါတယ် ။ print ဆိုတာ screen တွင် ဖော်ပြပေးသော အလုပ်ကို လုပ်ပါတယ် ။ ln ဆိုတာ new line ပါ ။

Progress Check
1. Where does a Java program begin execution?
2. What does System.out.println( ) do?
3. What is the name of the Java compiler? Of the Java interpreter?

1. main( )
2. Outputs information to the console.
3. The standard Java compiler is javac.exe; the interpreter is java.exe.

Handling Syntax Errors
တကယ်လို့ သင်ဟာ တစ်ခုခု မှားပြီး သင့်ရဲ့ program ထဲကို ရိုက်မိတယ်ဆိုပါက compiler ဟာ အဲဒိ program ကို compile လုပ်ချိန်မှာ syntax errormessageကို ပြပါလိမ့်မယ် ။

Example.java ‘;’ expected
Public static void main(String args[])
^
Example.java:11 ‘class’ or ‘interface’ expected
}
^
Example.java ‘class’ or ‘interface’ expected
^
Example.java missing method body, or declare abstract
Public static void main(String args[])
^

A Second Simple Program
ဒီ program ဟာ var1 နဲ့ var2 လို့ခေါ်တဲ့ variable နှစ်ခုကို ဖန်တီးပါတယ် ။

/*
This demonstrates a variable.
Call this file Example2.java.
*/

class Example2 {

public static void main(String args[]) {

int var1; // this declares a variable
int var2; // this declares another variable

var1 = 1024; // this assigns 1024 to var1

System.out.println(“var1 contains” + var1);

var2 = var1/2;

System.out.print(“var2 contains var1/2: “);
System.out.print(var2);

}
}

ဒီ program ကို run သော အခါမှာ အောက်ပါ output ကို တွေ့ရမှာပါ :

var1 contains 1024
var2 contains var1 / 2: 512

ရှင်းပြရမယ်ဆိုရင် :

int var1; // this declares a variable

integer type ဖြစ်သော var1 လို့ခေါ်တဲ့ variable တစ်ခုကို ကြေငြာ ပါတယ် ။ Java မှာ variable အားလုံးကို မသုံးခင်မှာ ကြေငြာ ပေးရပါတယ် ။ ထို့အပြင်
variable ကိုင်တွယ်သော values အမျိုးအစား ကိုလည်း အတိအကျ ဖော်ပြပေးရပါမယ် ။ ဒါကို type of the variable လို့ခေါ်ပါတယ် ။ ဒါကြောင့် var1 ဟာ
integer values ဖြစ်ပါတယ် ။ Java မှာ integer ရဲ့ keyword ဟာ int ဖြစ်ပါတယ် ။

int var2; // this declares another variable

ဒါဟာ နောက်ထပ် variable တစ်ခု ဖြစ်ပါတယ် ။

var1 = 1024; // this assigns 1024 to var1

Java မှာ single equal sign ( = ) ကို assignment operator လို့ ခေါ်ပါတယ် ။ ညာဘက်တွင်ရှိသော 1024 ကို ဘယ်ဘက်တွင်ရှိသော var1 ထဲကို ထည့်တယ်ပေါ့ ။

System.out.println(“var1 contains ” + var1);

ဒီ line ဟာ output မှာ var1 contains 1024 ကို ဖော်ပြပေးပါတယ် ။ println() statement တစ်ကြောင်းအတွင်း items တွေကို ဖော်ပြချင်တယ်ဆိုပါက + operator ကို အသုံးပြုရပါတယ် ။

var2 = var1 / 2;

ဒီ line ဟာ var1 တွင်ရှိသော တန်ဖိုးကို 2 ဖြင့် စားပါတယ် ။ ပြီးတော့ result ကို var2 ထဲတွင် သိမ်းထားပါတယ် ။ ဒီ line ကို executes လုပ်ပြီးသွားသော အခါမှာ var2 မှာ 512 ဆိုတဲ့ တန်ဖိုး တစ်ခု ရှိနေမှာပါ ။

System.out.print(“var2 contains var1 / 2: “);
System.out.print(var2);

ဒီ နောက်ဆုံး line နှစ်ကြောင်း ပါ ။ print() ဟာ “var2 contains var1 / 2: ” ကို ဖော်ပြဖို့ အသုံးပြုပါတယ် ။ ln မပါသောကြောင့် နောက်တစ်လိုင်း new line မဆင်းပါဘူး ။ ဒါဟာ ဘာပြောတာလည်းဆိုတော့ နောက် output တစ်ကြောင်းကို generated လုပ်သောအခါမှာ ဒီတစ်လိုင်းထဲမှာပဲ လာစမှာဖြစ်ပါတယ် ။

ဒီနေရာမှာ တစ်ခုပြောချင်တာက နှစ်ခု or နှစ်ခုထက်ပိုသော variables များကို statement တစ်ကြောင်းထဲမှာ ရေးနိုင်ပါတယ် ။ commas ကို သုံးပြီးတော့ပေါ့။

ဥပမာ :
int var1, var2; // both declared using one statement

Exercises 1

class helloFriend
{
public static void main(String args[]) {

String name = “Reg”;

System.out.print(“Hello ”);
System.out.print(name);

}
}

July 26, 2009 Posted by nitikiti | Java | | No Comments Yet

Gmail’s New Features

သင်ဟာ Gmail ၏ new feature များကို အသုံးပြုချင်တယ်ဆိုရင် သင်၏ browser ဟာ Internet Exploer 8 , Moxilla Firefox 3.5 တို့ကို အသုံးပြုရမှာ ဖြစ်ပါတယ် ။ Task လို့ခေါ်သော ဒီ feauture ဟာ to do list နဲ့ you need to do အတွက် အသုံးပြုပါတယ် ။
date , notes စတာတို့အပြင် Gmail messages များကိုလည်း Task ထဲမှာ ထည့်သွင်းသိမ်းဆည်းထားနိုင်ပါတယ် ။

ဒီ Tasks ကို အသုံးပြုမယ်ဆိုရင် :

Gmail screen ရဲ့ ဘယ်ဘက် Contacts အောက်တွင် ရှိသော Tasks ကို click လုပ်ပါ ။

ထိုသို့ click လုပ်လိုက်ရင် Task window တစ်ခု ညာဘက် ထောင့်တွင် ပေါ်လာမည် ။ စာရိုက်ထည့်ဖို့အတွက် Tasks window အပေါ်တွင် click လုပ်ပြီး စာရိုက်ကာ enter လုပ်နိုင်ပါသည် ။ Tasks window အောက်ခြေရှိ + Add Taskကို နိပ့်ပြီးတော့လည်း another task တစ်ခု ဖန်တီးနိုင်ပါသည် ။ ဖြတ်ချင်တယ်ဆိုရင် အမှိုက်ပုံးလေးပုံ Delete Task ကို click လုပ်ပါ ။

တကယ်လို့သင်ဟာ inbox မှာ ရှိသော email တစ်ခုကို ကြိုက်လို့သိမ်းထားချင်တယ်ဆိုရင် စာကြောင်းတစ်ခုခုကို select လုပ်ပြီး Shift + T ကို နိပ့်ပါက Task မှာ Automatically သိမ်းထားပေးမှာဖြစ်ပါတယ် ။ Task Window မှ inbox ကို ပြန်သွားချင်တယ်ဆိုရင် Related email ကို click ပြန်လုပ်ရုံပါဘဲ ။ သင်သိမ်းထားချင်သော email များကို အလွယ်တကူ ရှာဖွေ သိမ်းဆည်း ပြန်ဖတ်ရှုနိုင်တာပေါ့ ။

သင်ဟာ keyboard shortcut ကို အသုံးပြုလို့ရအောင်လည်း ဖန်တီးပေးထားပါတယ် ။
Task Window ရဲ့အောက်မှာ Action button လေးကို သင်တွေ့နိုင်ပါတယ် ။ click နိပ့်ကြည့်မယ်ဆိုရင် :
Tab , Shift + Tab , Ctrl + UP , Ctrl + Down , Shift + Enter စသည့်တို့က Task ၏ နေရာကို အပေါ်မှာထားမှာလား ၊ အောက်မှာ ရေးထားမှာလား စသဖြင့် keyboard shortcut ကို အသုံးပြုပြီး ရေးနိုင်အောင် လုပ်ထားပေးပါတယ် ။

ပြီးရင် Switch List ဆိုတာလေးလည်းရှိသေးတယ် ။ သူက New List , Delete List စသည်တို့ လုပ်လို့ရပါတယ် ။

Labels ကို အသုံးပြုခြင်း :
Labels ဟာ folders နဲ့ အတူတူပါပဲ ။ သင်ဟာ အကြောင်းအရာတစ်ခု ၊ တစ်စုံတစ်ယောက်အတွက် labels တွေ ဆောက်ထားလို့ရပါတယ် ။ ဒီ labels ကို Search mail box မှာ label : label name ရိုက်ထည့်ပြီး အလွယ်တကူ ပြန်ကြည့်နိုင်ပါတယ် ။

အခု Gmail ရဲ့ Label အောက်မှာ Personal , Receipts , Travel , Work ဆိုတဲ့ new features များကို တွေ့နိုင်ပါတယ် ။
သင်ဟာ အဲဒိ labels များကိုလည်း edit, delete လုပ်လို့ရပါတယ် ။

ပထမဆုံး label တစ်ခုဖန်တီးဖို့အတွက် :

Personal , Travel အောက်က 6 more ဆိုတဲ့ dropdown ကို click လုပ်မယ်ဆိုရင် အောက်ဆုံးမှာ Creat a new label ကို တွေ့ပါလိမ့်မယ် click လုပ်ပါ ။ New Label box တစ်ခု ကျလာလိမ့်မယ် ။ Label name ပေးပြီး enter လုပ်ပါ ။ ဒါဆိုရင် သင်ပေးလိုက်သော label name ဟာ Labels Group ထဲရောက်သွားပါလိမ့်မယ် ။

သင်ဟာ Setting အောက်က Labels Tag ကိုလည်း တိုက်ရိုက်သွားနိုင်ပါတယ် ။
ဒါဆိုရင်သင်ဟာ System Labels နဲ့ Labels ဆိုပြီး မြင်တွေ့နိုင်ပါတယ် ။
System Labels ဆိုတာ Inbox, Starred, Chats, Sent Mail, Drafts, All Mail, Spam, Trash တို့ကိုပြောတာပါ ။
ဒီ System Labels အားလုံးကို Show , Hide လုပ်နိုင်ပါတယ် ။

Labels မှာကျတော့ သင်ဟာ Create a new label မှာ click တစ်ချက်နိပ့်ပြီး label name ရေးပါ ၊ Create button မှာ click လုပ်မယ်ဆိုရင် label name အသစ်တစ်ခု ပေါ်လာပါလိမ့်မယ် ။
ဒီ Labels တွေကိုတော့ သင်က Show All, Hide All အပြင် remove ပါ လုပ်နိုင်ပါတယ် ။

သင်ဟာ အုပ်စုလေးတွေဖွဲပြီး သင်ပေးထားသော label name ထဲမှာ သိမ်းထားချင်တယ်ဆိုရင် အရင်ဆုံးသင်သိမ်းထားချင်သော email ကို ဖွင့်ပါ ။ ပြီးရင် အပေါ်ဘက်တွင်ရှိသော Labels ရဲ့ dropdown ကို click လုပ်ပါ ။ label name တွေ အများကြီးတွေ့လိမ်မယ် ။ သင်ပေးထားသော label name ကို ရွေးလိုက်ပါ ။ ဒါဆိုရင် Gmail ရဲ့ message လေးဖြစ်သော The conversation has been added to label name ဆိုတဲ့ label ထဲသို့ ထည့်လိုက်ပြီလို့ပြောပါတယ် ။ သင့်ရဲ့ label သို့သွားကြည့်ပါ ရောက်နေပါလိမ့်မယ် ။

သင်ရဲ့ label ထဲကို inbox က email တွေ save လုပ်ထားတယ်ဆိုပေမယ့် inbox မှာလည်း အဲဒိ email က ရှိနေပြန်တယ် ။ label ထဲမှာ လည်းရှိတယ် ၊ inbox ထဲမှာ လည်းရှိတယ် ။ inbox ထဲမှာ မရှိစေချင်ဘူး ၊ မမြင်ချင်ဘူးဆိုရင် ဘယ်လို လုပ်မလဲ ။ လွယ်ပါတယ် label ထဲမှာ save လုပ်ပြီးသွားတဲ့ inbox က email ကို Archive လုပ်လိုက်ရုံပါပဲ ။ Archive ဆိုတာက သင်က inbox မှာ မမြင်ချင်သော email များကို delete လုပ်စရာ မလိုပဲ All Mail ထဲသို့ ပြောင်းရွှေ့သိမ်းထားပေးတာဖြစ်ပါတယ် ။ Archive လုပ်ချင်တယ်ဆိုရင် inbox မှာ email ပို့သူရဲ့ အမည် ဘေးက check box လေးမှာ အမှန်ခြစ်လေးပေးပြီး Archive ကို click လုပ်ပါ ။
ဒါဆိုရင် သင်အမှန်ခြစ်ပေးလိုက်သော inbox က email တွေကို သင် တွေ့ရမှာ မဟုတ်တော့ပါဘူး ။ All Mail ကနေ သွားပြန်ကြည့်မယ်ဆိုရင်တော့ ပြန်တွေ့ရမှာ ဖြစ်ပါတယ် ။

label မှာ ရှိသော email များကို inbox သို့လည်းကောင်း တခြား label သို့လည်းကောင်း ပြောင်းရွှေ့နိုင်ပါသည် ။ ထိုသို့လုပ်ချင်တယ်ဆိုပါက Move to button လေးကို အသုံးပြုရမှာ ဖြစ်ပါတယ် ။

ကျွန်တော်တို့ဟာ စာရေးရင်း Compose လုပ်နေတုန်းမှာ တပြိုင်တည်း စာဖတ်လို့ မရပါဘူး ။ အခု new feature မှာ shortcut လေးတစ်ခုပါလာတယ် ။ ဘာလုပ်လို့ရလဲဆိုတော့ compose လုပ်ချင်တယ်ဆိုရင် Compose Mail မှာ Shift ကို ဖိထားပြီး click နိပ့်ပါ ။ Shift + click ပေါ့ ။ ဒါဆိုရင် စာရေးဖို့အတွက် new window လေး တစ်ခုပေါ်လာလိမ့်မယ် ။ ဒါဆိုရင် သင်ဟာ inbox က စာတွေကို ဖတ်ရင်း တဘက်မှာ Compose စာတွေရေးနိုင်မှာ ဖြစ်ပါတယ် ။

Labs ရဲ့ features အသစ်တွေကတော့ YouTube, Picasa, Flickr နဲ့ Yelp တို့ကို previews ကြည့်နိုင်စေတာဖြစ်ပါတယ် ။
Gmail ရဲ့ ညာဘက်မှာ photos ၊ videos တွေကို reviews ကြည့်လို့ရတယ်ပေါ့ ။ Setting အောက်က Labs ထဲက သွားပြီး ဒီ service ကို Enable , Disable လုပ်ရုံပါပဲ ။

Labs ရဲ့ နောက်ထပ် အသစ်တစ်ခုက Undo send ဖြစ်ပါတယ် ။
Oops, hit “Send” too soon? Send နိပ့်မိသွားလား ? ဟုတ်ကဲ့ ဒီလိုဖြစ်သွားတယ်ဆိုရင် sending လုပ်နေတာကို cancel လုပ်ဖို့ အချိန်ပေးပါတယ် ။ နောက်တစ်ကြိမ် ပြန်မပို့ခင် edit လုပ်နိုင်စေပါတယ် ။ Setting အောက်က Labs ထဲမှာ ရှိပါတယ် ။

နောက်တစ်ခုက Offline ဖြစ်ပါတယ် ။ သင်ဟာ Internet နဲ့ မချိတ်ထားသောအခါမှာလည်း Gmail နဲ့ အလုပ်လုပ်လို့ရပါတယ် ။ Settings အောက်က Labs tab မှာ offline access ကို Enable လုပ်လိုက်ပါ ။
သင့်ကို Gmail’s gear , install လုပ်ခိုင်းပါလိမ့်မယ် ။ ခဏလေး စောင့်ရမယ် ။ 10 မိနစ်လောက်ပေါ့ ။

Labs မှာ new features 15 ခု ထည့်သွင်းထားပါတယ် ။ တခြား feature များကိုလည်း စမ်းကြည့်ပါ ။

July 26, 2009 Posted by nitikiti | Gmail's New Features | | No Comments Yet

TCP/IP

TCP/IP ဆိုတာ အင်တာနက်ကို ဆက်သွယ်မှုပြုလုပ်သော protocol လို့ ခေါ်ပါတယ် ။

TCP/IP ဟာ computers တွေဟာ အင်တာနက်ပေါ်ကနေ ဆက်သွယ်မှု ပြုလုပ်တဲ့အခါမှာ လိုက်နာရမယ့် rule တွေကို သတ်မှတ်ပါတယ် ။

Your Browser and Server use TCP/IP

Browsers and servers ဟာ Internet ကို ဆက်သွယ်ဖို့ connect လုပ်ဖို့အတွက်
TCP/IP ကို သုံးပါတယ် ။

Browser ဟာ server ထံမှ request လုပ်ဖို့ TCP/IP ကို သုံးပါတယ် ။ Server ဟာလည်း browser က request လုပ်သော HTML ကို ပြန်ပို့ဖို့ အတွက် TCP/IP ကို သုံးပါတယ် ။

Your E-Mail uses TCP/IP

သင်အသုံးပြုနေတဲ့ email program လည်း Internet ကို ဆက်သွယ်ပြီး sending and receiving လုပ်ဖို့အတွက် TCP/IP ကို သုံးပါတယ် ။

Your Internet Address is TCP/IP

ဟုတ်ပါတယ် သင်ရိုက်ထည့်လိုက်သော website address များဟာ TCP/IP တွေ ဖြစ်ပါတယ် ။ www.google.com ရဲ့ IP ဟာ ”64.233.189.147” ဖြစ်ပါတယ် ။ သင်ဟာ www.google.com လို့မရိုက်ဘဲ IP နံပတ်ကို ရိုက်ထည့်မယ်ဆိုရင်လည်း google website ကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

What is TCP/IP?

TCP/IP ကို အင်တာနက်ပေါ်ရှိ computers အကြား ဆက်သွယ်မှုပြုလုပ်ပေးသော communication protocol ဖြစ်ပါတယ် ။

TCP/IP ရဲ့ အရှည်ကောက်က Transmission Control Protocol / Internet Protocol ပါ ။

TCP/IP ဟာ computers ကဲ့သို့သော electronic devices တွေဟာ Internet ကို ဘယ်လို့ ဆက်သွယ်မှု ပြုလုပ်သင့်တယ် ၊ data တွေကို ဘယ်လိုသယ်ယူပို့ဆောင်ပေးသင့်တယ် တို့ကို သတ်မှတ်ပေးပါတယ် ။

Inside TCP/IP

Data communication ကို handle လုပ်ဖို့ အတွက် protocols များစွာရှိပါတယ် :

*TCP (Transmission Control Protocol) communication between applications
* UDP (User Datagram Protocol) simple communication between applications
* IP (Internet Protocol) communication between computers
* ICMP (Internet Control Message Protocol) for errors and statistics
* DHCP (Dynamic Host Configuration Protocol) for dynamic addressing ( ဒီ DHCP ဆိုတာ IP အလိုအလျှောက် ပြောင်းလဲနေခြင်းကို ပြောတာပါ )

IP Addresses

Internet ကို ဆက်သွယ်မှု မပြုလုပ်ခင်မှာ computer တိုင်းမှာ IP address ရှိရပါတယ် ။

Computer တစ်လုံးက တခြား computer ကို ဆက်သွယ်မှု မပြုလုပ်ခင် IP packet တိုင်းမှာ address တစ်ခုစီ ရှိရပါတယ် ။

ဒါဟာ IP address ဖြစ်ပါတယ် : 192.68.20.50
ဒါဟာလည်း IP address အတူတူပါပဲ : www.w3schools.com

An IP Address Contains 4 Numbers.

Computer တိုင်းမှာ unique IP address ရှိရပါတယ် ။

သင့် IP address ဟာ ဒီလိုမျိုးပါ : 212.116.219.100

Computer ကို address တစ်ခုပေးဖို့ TCP/IP ဟာ numbers လေးခုကို အသုံးပြုပါတယ် ။ အဲဒိ numbers တွေဟာ 0 ကနေ 255 အကြား ရှိပါတယ် ။

IP addresses တွေဟာ များသောအားဖြင့် numbers လေးခုပါပြီး Dot. ခံကာ ဒီလိုမျိုး 192.168.1.50 ရေးကြပါတယ် ။

Domain Names

ဟုတ်ကဲ့ 12 digit number တွေထက် နာမည်တွေဟာ မှတ်မိရ ပိုလွယ်စေပါတယ် ။

TCP/IP တွေအတွက် အသုံးပြုသော နာမည်ကို Domain Names လို့ခေါ်ပါတယ် ။

w3schools.com ဆိုတာ domain name တစ်ခုဖြစ်ပါတယ် ။

သင်ဟာ web site တစ်ခုကို အမည် ပေးတော့မယ်ဆိုရင် ဥပမာ http://www.w3schools.com ဆိုရင် Domain Name Server (DNS) ဟာ အဲဒိ အမည်ကို number သို့ ပြောင်းပြစ်လိုက်ပါတယ် ။

ဒီ ကမ္ဘာတစ်ခုလုံး DNS servers တွေကို Internet နဲ့ ချိတ်ဆက်ထားပါတယ် ။ DNS servers ဟာ domain names ကို TCP/IP သို့ ပြောင်းလဲပေးခြင်း၊ ဘာသာပြန်ပေးခြင်း translating ပြုလုပ်ပေးရပါတယ် ။

Domain name အသစ်တစ်ခုကို TCP/IP နှင့်အတူ register လုပ်တဲ့အခါမှာ DNS servers တွေဟာ အဲဒိ information ကို update လုပ်ပေးရပါတယ် ။

July 17, 2009 Posted by nitikiti | TCP/IP | | No Comments Yet

Web Search Tips

1. Looking for a Specific Phrase? Use Quotation Marks
ကျွန်တော်တို့ သိချင်တာ တစ်ခုခုရှိလို့ Web search လုပ်တဲ့ အခါမှာ အချိန်တွေ အများကြီးကုန်ပါတယ် ။ ဒီလို ရှာဖွေမှု လုပ်တဲ့အခါမှာ double quotes ကို သုံးခြင်းဟာ အရိုးရှင်းဆုံးပါပဲ ။ သင်ရှာဖွေလိုသော phrase ရဲ့ အစ နဲ့ အဆုံးမှာ quotation marks ကို အသုံးပြုခြင်းဟာ သင်ရှာဖွေလိုသော စကားစုပါသော pages ကိုသာရှာပေးရန် search engine ကို ပြောဆိုခြင်းဖြစ်တယ် ။
ဥပမာ ။ ။ သင်ရှာဖွေချင်တာက my search ဆိုရင် quotes ကို အသုံးပြုပြီး “nitikiti” လို့ ရိုက်ပါ ။

2. Site Search with Google
သင်ဟာ Google ကို website တစ်ခုအတွင်းမှာပဲ ရှာဖွေမှုလုပ်ခိုင်းလို့ ရတယ်ဆိုတာ သင်သိပါသလား ။ site search အများစုဟာ ဒီလို မလုပ်ဆောင်နိုင်ပါဘူး ။ ဒါဟာ သင်ရှာဖွေချင်သောအရာကို အလျင်အမြန် ရှာဖွေနိုင်စေတာပေါ့ ။
ဥပမာ ။ ။ site http//www.wordpress.com “nitikiti”

3. How to Use the Inurl Syntax
inurl search syntax ဟာ စကားလုံးတွေကို URL or Uniform Resource Locator အတွင်းမှာ ရှာဖွေပေးပါတယ် ။ ဒါဟာလည်း သင်ရှာဖွေ မတွေကနိုင်သော Web sites တွေကို query word or phrase ကို ရိုက်ထည့်ပြီး ရှာဖွေခြင်းဖြစ်ပါတယ် ။
ဥပမာ။ ။ inurl www.google.com

4. Use Basic Math to Search More of the Web
ဒီ Web search လေးကတော့ ရိုးရှင်းပါတယ် ။ ဒီ အခြေခံကျသော သင်္ချာနည်းလေးက သင်ရှာဖွေမှုလုပ်ရာမှာ အကူအညီပေးနိုင်ပါတယ် ။
ဥပမာ ။ ။ google AND nitikiti

5. How To Search A Specific Domain
သင်ဟာ domain name နာမည်တွေ ဥပမာ .edu, .org, .gov စသည်တို့ကို ရှာချင်တယ်ဆိုရင် :
ဥပမာ ။ ။ site .edu “lectures”

6. Search the Web with Toolbars
Google Toolbar, Yahoo Toolbar , Ask Toolbar စသဖြင့် toolbar တွေကို သုံးပြီးတော့လည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ် ။
Toolbar ကို သုံးမယ်ဆိုရင် Search engine site ကို သွားစရာ မလိုပဲ toolbar တွင် ရိုက်ထည့်ပြီး search လုပ်နိုင်ပါတယ်။

free search engine website submission top optimization


Myanmar Media

July 17, 2009 Posted by nitikiti | Web Search | | No Comments Yet